[ Zawgyi version here ] [ Unicode version below ]
မိပန္းရံ ေရးဖြဲ႕ခဲ့ေသာ ရခုိင့္ေအာင္လံေတာ္လကၤာ
==========
အင္း၀အမတ္ႀကီး နႏၵေက်ာ္ထင္၏ သမီး ျဖစ္သည္သာမက ရခိုင္ဘုရင္တို႔ထံတြင္ မိမိကိုယ္တိုင္လည္း မင္းတိုင္ပင္အမတ္ႀကီး အျဖစ္ခစားခဲ့သည့္ ဗမာအမ်ိဳးသမီးပညာရွင္ မိပန္းရံ က ရခုိင္ျပည္၏ အစဥ္အလာ ေအာင္လံေတာ္ အေၾကာင္းကို ေအာက္ပါ လကၤာေရးဖြဲ႕လ်က္ မွတ္တမ္းတင္ခဲ့ပါသည္။
“ၾကားပိမ့္ဗိုလ္လူ၊ အံ့ခ်ီးမူေလာ့၊ ေသာင္းယူဇနာ၊ ေျမမ်က္ႏွာထက္၊ ေျမာက္မွာအာသံ၊ ေတာင္ရံသီဟိုဠ္၊ ေနာက္ကိုလွည့္လည္၊ မရြံျပည္ႏွင့္၊ ဦးတည္ပိုင္ျခင္း၊ ပင္လယ္ဆင္းေအာင္၊ ဦးညြတ္ရာသည္၊ သာယာရြက္ေဆာင္၊ ရန္တိုင္းေအာင္သည့္၊ ဘုန္းေခါင္ ဓမၼရာဇာ၊ ဥကၠာမုခ္မ်ိဳး၊ သမုတ္ရိုးလွ်င္၊ စံစိုးေသာအခါ၊ ရကၡာပူရ၊ ဓညၿမိဳ႕ႀကီး၊ တိုင္းလံုးထီးကို၊ ၿပီးစီးခန္႔ရည္၊ ေရႊနန္းတည္၍၊ ေအာင္စည္ညံညံ၊ ဘိသိက္ခံက၊ ေက်ာ္သံသတင္း၊ ေသာင္းလံုးခ်င္းမွ်၊ ျမင္းလည္း သိႏၶ၀၊ နာဂဆႏၵန္၊ ရန္မွန္ပယ္ေလွ႔၊ ျခေသၤ့ေကသရီ၊ ေအာင္နီေအာင္ျဖဴ၊ ပၪၥရူကို၊ ၾကည္ျဖဴႏွစ္သက္၊ နတ္တို႔ဆက္က၊ ဘုန္းက်က္သေရ၊ မိုးႏွယ္ေစြ၏၊ ေရႊေငြရတနာ၊ ပေဒသာသီး၊ ၿပီးစီးေစတတ္၊ နတ္သမတ၊ ေစာင့္သီလႏွင့္၊ ဣႏၵ၀ဇီရာ၊ အလၤကာရ၊ အစျဖန္႔ခ်ိ၊ သီရိဓဇ၊ ခ်ိဳျမသာယာ၊ ေနာက္ပိုက္မွာလည္း၊ မဟာသုဓမၼ၊ ရာဇဂုရု၊ ရုန္းကာစု၍၊ မ်က္ရႈခတ္ႏွိပ္၊ ေရႊတံဆိပ္ကို၊ စိပ္စိပ္ၾကည္ႏူး၊ ေရႊနန္းဦး၌၊ ရႊင္ျမဴးၾကည္ျဖဴ၊ လွဴေတာ္မူက၊ နတ္လူတကာ၊ ေကာင္းခ်ီးျငာလ်က္၊ သာယာျမတ္ႏိုး၊ ေမတၱာၿဖိဳး၍၊ ေရမိုးမွန္စြာ၊ ေျမၾသဇာသည္၊ ရသာျပည့္ႏွက္၊ ေအာင္ဆုဆက္၍၊ ရာသက္တည္ေၾကာင္း၊ မ်ိဳးသစ္ေလာင္းသည္၊ ရိုက္ေခ်ာင္းပဲ့တင္၊ ၿငိမ္းၿငိမ္းတည္း . . . ။”
ရခိုင္ေအာင္လံေတာ္မွာ အလ်ားကိုးေတာင္၊ အနံေျခာက္ေတာင္ရွိၿပီး အထက္ တဝက္ကို အျဖဴေရာင္၊ ေအာက္တဝက္ကို အနီေရာင္ျဖင့္ ျပဳလုပ္ထားေလသည္။ လက္ဝဲ အထက္ေဒါင့္စြန္းတြင္ သိေႏၶာျမင္းပ်ံရုပ္ကို လည္းေကာင္း၊ လက္ယာဖက္အထက္ေဒါင့္အစြန္းတြင္ ဆဒၵန္ဆင္ျဖဴရုပ္ကို လည္းေကာင္း၊ လက္ဝဲဖက္ ေအာက္ေဒါင့္စြန္းတြင္ ေကသရာဇာျခေသၤ့ရုပ္ကိုလည္းေကာင္း၊ လက္ယာဖက္ေအာက္ေဒါင့္စြန္းတြင္ ပဥၥရူပရုပ္ကိုလည္းေကာင္း ေရးဆြဲထားေလသည္။
အျဖဴေရာင္မွာ ရခိုင္တို႔၏မ်ိဳးေစာင့္တရားသီလ ျဖဴစင္ျခင္းကို ျပ၍ အနီေရာင္မွာ ရဲရင့္တည္ၾကည္ေသာ ရခိုင့္ေသြးအမွတ္အသား ျဖစ္သည္။ သိေႏၶာျမင္းပ်ံရုပ္မွာ ရခိုင္တို႔၏စိတ္သေဘာေျဖာင့္စင္းေသာ တည့္မတ္ေသာ သေဘာကိုျပ၍ ဆဒၵန္ဆင္ျဖဴရုပ္မွာ ရခိုင္တို႔ ၏မေျပာက္မက်ားပဲ ပကတိျဖဴစင္ေသာ ရခိုင္ႏြယ္ရိုးသန္႔စင္မႈသေဘာ ႏွင့္ ျခေသၤ့ရုပ္မွာ ရခိုင္တို႔၏ရဲရင့္တည္ၾကည္မႈကို ျပေလသည္။ ပဥၥရူပရုပ္မွာ ယင္းအမွတ္အသားအားလံုးကို စုေပါင္းသရုပ္ေဖၚျခင္းပင္ ျဖစ္ေလသည္။
(မွတ္ခ်က္။ ။ ရႈေဒါင့္ဂ်ာနယ္၊ ၁၅-၅-၁၉၇၀-ခုႏွစ္၊ စာမ်က္ႏွာ(၂၃)၌ ပါရွိေသာေဆာင္းပါးမွ ေကာက္နႈတ္ေဖာ္ျပပါသည္။)
မူရင္းေဆာင္းပါးသို႔သြားရန္ ေအာက္ပါ link ကို ႏွိပ္ပါ =>
*********************************************
[ Unicode version here ]
မိပန်းရံ ရေးဖွဲ့ခဲ့သော ရခိုင့်အောင်လံတော်လင်္ကာ
==========
အင်းဝအမတ်ကြီး နန္ဒကျော်ထင်၏ သမီး ဖြစ်သည်သာမက ရခိုင်ဘုရင်တို့ထံတွင် မိမိကိုယ်တိုင်လည်း မင်းတိုင်ပင်အမတ်ကြီး အဖြစ်ခစားခဲ့သည့် ဗမာအမျိုးသမီးပညာရှင် မိပန်းရံ က ရခိုင်ပြည်၏ အစဉ်အလာ အောင်လံတော် အကြောင်းကို အောက်ပါ လင်္ကာရေးဖွဲ့လျက် မှတ်တမ်းတင်ခဲ့ပါသည်။
“ကြားပိမ့်ဗိုလ်လူ၊ အံ့ချီးမူလော့၊ သောင်းယူဇနာ၊ မြေမျက်နှာထက်၊ မြောက်မှာအာသံ၊ တောင်ရံသီဟိုဠ်၊ နောက်ကိုလှည့်လည်၊ မရွံပြည်နှင့်၊ ဦးတည်ပိုင်ခြင်း၊ ပင်လယ်ဆင်းအောင်၊ ဦးညွတ်ရာသည်၊ သာယာရွက်ဆောင်၊ ရန်တိုင်းအောင်သည့်၊ ဘုန်းခေါင် ဓမ္မရာဇာ၊ ဥက္ကာမုခ်မျိုး၊ သမုတ်ရိုးလျှင်၊ စံစိုးသောအခါ၊ ရက္ခာပူရ၊ ဓညမြို့ကြီး၊ တိုင်းလုံးထီးကို၊ ပြီးစီးခန့်ရည်၊ ရွှေနန်းတည်၍၊ အောင်စည်ညံညံ၊ ဘိသိက်ခံက၊ ကျော်သံသတင်း၊ သောင်းလုံးချင်းမျှ၊ မြင်းလည်း သိန္ဓဝ၊ နာဂဆန္ဒန်၊ ရန်မှန်ပယ်လှေ့၊ ခြင်္သေ့ကေသရီ၊ အောင်နီအောင်ဖြူ၊ ပ ဉ္စရူကို၊ ကြည်ဖြူနှစ်သက်၊ နတ်တို့ဆက်က၊ ဘုန်းကျက်သရေ၊ မိုးနှယ်စွေ၏၊ ရွှေငွေရတနာ၊ ပဒေသာသီး၊ ပြီးစီးစေတတ်၊ နတ်သမတ၊ စောင့်သီလနှင့်၊ ဣန္ဒဝဇီရာ၊ အင်္လကာရ၊ အစဖြန့်ချိ၊ သီရိဓဇ၊ ချိုမြသာယာ၊ နောက်ပိုက်မှာလည်း၊ မဟာသုဓမ္မ၊ ရာဇဂုရု၊ ရုန်းကာစု၍၊ မျက်ရှုခတ်နှိပ်၊ ရွှေတံဆိပ်ကို၊ စိပ်စိပ်ကြည်နူး၊ ရွှေနန်းဦး၌၊ ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက၊ နတ်လူတကာ၊ ကောင်းချီးငြာလျက်၊ သာယာမြတ်နိုး၊ မေတ္တာဖြိုး၍၊ ရေမိုးမှန်စွာ၊ မြေသြဇာသည်၊ ရသာပြည့်နှက်၊ အောင်ဆုဆက်၍၊ ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်၊ ရိုက်ချောင်းပဲ့တင်၊ ငြိမ်းငြိမ်းတည်း . . . ။”
ရခိုင်အောင်လံတော်မှာ အလျားကိုးတောင်၊ အနံခြောက်တောင်ရှိပြီး အထက် တဝက်ကို အဖြူရောင်၊ အောက်တဝက်ကို အနီရောင်ဖြင့် ပြုလုပ်ထားလေသည်။ လက်ဝဲ အထက်ဒေါင့်စွန်းတွင် သိန္ဓောမြင်းပျံရုပ်ကို လည်းကောင်း၊ လက်ယာဖက်အထက်ဒေါင့်အစွန်းတွင် ဆဒ္ဒန်ဆင်ဖြူရုပ်ကို လည်းကောင်း၊ လက်ဝဲဖက် အောက်ဒေါင့်စွန်းတွင် ကေသရာဇာခြင်္သေ့ရုပ်ကိုလည်းကောင်း၊ လက်ယာဖက်အောက်ဒေါင့်စွန်းတွင် ပဥ္စရူပရုပ်ကိုလည်းကောင်း ရေးဆွဲထားလေသည်။
အဖြူရောင်မှာ ရခိုင်တို့၏မျိုးစောင့်တရားသီလ ဖြူစင်ခြင်းကို ပြ၍ အနီရောင်မှာ ရဲရင့်တည်ကြည်သော ရခိုင့်သွေးအမှတ်အသား ဖြစ်သည်။ သိန္ဓောမြင်းပျံရုပ်မှာ ရခိုင်တို့၏စိတ်သဘောဖြောင့်စင်းသော တည့်မတ်သော သဘောကိုပြ၍ ဆဒ္ဒန်ဆင်ဖြူရုပ်မှာ ရခိုင်တို့ ၏မပြောက်မကျားပဲ ပကတိဖြူစင်သော ရခိုင်နွယ်ရိုးသန့်စင်မှုသဘော နှင့် ခြင်္သေ့ရုပ်မှာ ရခိုင်တို့၏ရဲရင့်တည်ကြည်မှုကို ပြလေသည်။ ပဥ္စရူပရုပ်မှာ ယင်းအမှတ်အသားအားလုံးကို စုပေါင်းသရုပ်ဖေါ်ခြင်းပင် ဖြစ်လေသည်။
(မှတ်ချက်။ ။ ရှုဒေါင့်ဂျာနယ်၊ ၁၅-၅-၁၉၇၀-ခုနှစ်၊ စာမျက်နှာ(၂၃)၌ ပါရှိသောဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
**************************************
မူရင်းဆောင်းပါးသို့သွားရန် အောက်ပါ link ကို နှိပ်ပါ =>